မအီမြို့၌ မဟာသင်္ကြန်အကျနေ့ မြန့်မာ့ရိုးရာ ယဉ်ကျေးမှု အတာသင်္ကြန်ရေသဘင်ပွဲ အေးချမ်းပျော်ရွှင်စွာဆင်နွှဲ
Apr 15,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၌ မဟာသင်္ကြန်အကျနေ့တွင် မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများ၌ ကုသိုလ်ဒါနပြုသူများ၊ ရပ်ကွက်/ကျေးရွာများအတွင်း စတုဒိသာ ဧည့်ခံကျွေးသူများရှိပြီး မအီမြို့ရှိ အထင်ကရနေရာများရှိ မဏ္ဍပ်ငယ်များနှင့် မအီမြို့လယ် ရန်ကုန်-ကျောက်ဖြူလမ်းမဘေးရှိ မြို့မဗဟိုမဏ္ဍပ်တွင် ကပြသီဆိုဖျော်ဖြေမှုများဖြင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အတာသင်္ကြန်ရေသဘင်ပွဲကို အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲကြသူများ စည်ကားများပြားလျက်ရှိကြောင်းသိရသည်။