ရွှေတောင်မြို့နယ်တွင် အခြေခံကျောင်းများ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ရွှေတောင် နိုဝင်ဘာ ၈

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ် ကြာနီကန် အထကကျောင်းတွင် ယနေ့နံနက် ၉ နာရီက စားသုံးသူရေးရာဦးစီးဌာန၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။

အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးအောင်နိုင်ဦးက စားသုံးသူနှင့်ပတ်သက်သော ကုန်စည်နှင့်ဝန်ဆောင်မှု၊ ကုန်အညွှန်းအမှတ်အသား (၈)ချက် အကြောင်းကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ကျောင်းသား/ကျောင်းသူများအား လူငယ်နှင့်ရည်မှန်းချက်၊ အမျိုးသားအောင်ပွဲနေ့ သမိုင်းအကြောင်း၊ စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊ လူကုန်ကူးမှုတားဆီးရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာများအကြောင်းကို အကျယ်တဝင့်  ရှင်းလင်းဟောပြောခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူး ဒေါ်သပြေက အားကစားနှင့်ကာယပညာ သိပ္ပံကျောင်းသို့ တက်ရောက်နိုင်ရေးအတွက် ဆောင်ရွက်ပေးမည့်အစီအစဉ်များနှင့် ကိုယ်လက်လှုပ်ရှားအားကစား ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများကို ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြသည်။

ဆက်လက်၍ ရွှေတောင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ရွှေတောင် အထကကျောင်းအတွက် အားကစားပစ္စည်းများ ပေးအပ်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလေးများကို လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်နံရံကပ်စာစောင်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ မုန်တိုင်းဘေးအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်၊ သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေး နံရံကပ်စာစောင်များအား ပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း( ပြန်/ ဆက်)