ဒေးဒရဲ နိုဝင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်လုံးဆိုင်ရာ ကျိုက်ဒေးယျုံစေတီတော် မြတ်ကြီး၏ တန်ဆောင်တိုင်ဆွမ်းလုံးချပွဲတော်ကို ယမန်နေ့ နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိ သည်။
အဆိုပါ ဆွမ်းလုံးချပွဲတော်ကို ဒေးဒရဲမြို့နယ်အတွင်းရှိ မြို့ပေါ်၊ ရပ်ကွက်များနှင့် ကျေးရွာများရှိ ကျောင်းတိုက်များက ဆရာတော် (၇၈)ပါးအား ဌာနဆိုင်ရာများ၊ ကျောင်းများ၊ အသင်းအဖွဲ့ များနှင့် ရပ်ကွက်ကျေးရွာများက လှူဒါန်းသည့် ငွေပဒေသာပင်(၅၁)လုံး၊ ပစ္စည်းပဒေသာပင် (၄၈)လုံး စုစုပေါင်း ပဒေသာပင်(၉၉)လုံးကို ကျိုက်ဒေးယျုံစေတီတော်မြတ်ကြီး ပရိဝုဏ်ရှိ ဓမ္မဗိမာန်တန်ဆောင်းတော်ကြီး တွင် စာရေးတံမဲဖောက်၍ လှူဒါန်းလျက်ရှိကြောင်း သိရသည်။
တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့) တွင် မြို့နယ်အတွင်းရှိ ဘုရား၊ စေတီများတွင် ဘုရားဖူးပြည်သူများ၊ ကောင်းမှုပြုလုပ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရ သည်။
အေဇာလင်း