တီးတိန်၌ (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် တီးတိန်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဖွင့်လှစ်

တီးတိန် နိုဝင်ဘာ ၈

ချင်းပြည်နယ် တီးတိန်မြို့၌ (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် တီးတိန်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဖွင့်ပွဲကို အဆိုပါရုံး၌ ယမန်နေ့နံနက် ၈နာရီက ပြုလုပ်သည်။

အဆိုပါ တီးတိန်ခရိုင် အထွေထွေအုပ်ချုပ်ရေးရုံးကို တီးတိန်ခရိုင် အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ခရိုင်လဝကမှူး ခလရ(၂၆၉)ခေတ္တတပ်ရင်းမှူးနှင့် မြို့မိမြို့ဖ ကော်မတီဥက္ကဋ္ဌတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ရုံးဖွင့်ပွဲအခမ်းအနားတွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဘာသာရေးအသင်းအဖွဲ့များမှ ဆရာတော်များ မြို့မိမြို့ဖများ တက်ရောက်ကြသည်။

ဒိုင်းခန့်ဒိမ့်