ရွှေပြည်သာ နိုဝင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုများ ရရှိတိုးပွားစေရန် Online မှတဆင့် ပုံပြင်များ၊ ကဗျာများ၊ စာအုပ်မိတ်ဆက်ခြင်းများ၊ အထိမ်းအမှတ် Talk Show ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ရိုက်ကူးတင်ဆက်ပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လူငယ်နှင့်စာရိတ္တဆိုင်ရာ အသိပညာပေး(Talk Show) ကျင်းပခဲ့ကြောင်း သိရသည်။
အသိပညာပေးဆွေးနွေးပွဲတွင် ရွှေပြည်သာမြို့နယ် ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမိုးနှင့် စာရေး ဆရာ အယ်ဒီတာ ဦးသူရဇော် (ဉာတတ္ထစရိယာ)တို့က လူငယ်နှင့်စာရိတ္တဆိုင်ရာများအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
နေမျိုးထွန်း