ကျုံပျော်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄) ကြိမ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

ကျုံပျော် နိုဝင်ဘာ ၈

ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)ကြိမ်မြောက် နှစ်ပတ်လည်နေ့ အထိမ်း အမှတ် အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ဧရာမင်းခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေယျမင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပတ်သက် သည့် သမိုင်းအကျဉ်းအား ပြောကြားပြီး ဝန်ထမ်းများက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည် နေ့ ဂုဏ်ပြုတေးသီချင်းဖြင့် ဧည့်ခံဖျော်ဖြေကာ မြို့နယ်အုပ်ချုပ်ရေးမှူးက မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

ထို့နောက်  တက်ရောက်လာသူများက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အငြိမ်းစားဝန်ထမ်းများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး ဝန်ထမ်းများအား တူညီဝတ်စုံများ ထောက်ပံ့ပေးအပ်ကာ ဝန်ထမ်းများ လက်ဆောင်ပစ္စည်း အပြန်အလှန် လဲလှယ်ခြင်းနှင့် တက်ရောက်လာသူများအား နေ့လယ်စာ ဖြင့် တည်ခင်းဧည့်ခံခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ နှစ်ပတ်လည်နေ့ အခမ်းအနားသို့မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေယျမင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် အငြိမ်းစား ဝန်ထမ်းများ၊ ဖိတ်ကြားထား သည့် ဧည့်သည်များ စုစုပေါင်း (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)