လောင်းလုံး နိုဝင်ဘာ ၈
လောင်းလုံးမြို့၏ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် တန်ဆောင်မုန်းလပြည့် ဗုဒ္ဓပူဇနိယဘုရား ဒေသစာရီ လှည့်လည်ပူဇော်ပွဲကို နိုဝင်ဘာ ၈ ရက် တန်ဆောင်မုန်းလပြည့်ကျော် (၁) နံနက် (၆) နာရီ က မြို့ပေါ်ရပ်ကွက်မြို့တွင်းသို့ဒေသစာရီလှည့်လည် ပူဇော်ပွဲကျင်းပသည်။
လောင်းလုံး မြို့တွင် ဘုရားပွဲတော် လှည့်လည်ပူဇော်ပွဲသည် ဘုရားဆင်းတုတော်များ ကိန်းဝပ်စံပယ်တော်မူရာ စံကျောင်းတော်ဖြစ်သည့် ကော့သောင်းမြို့ မြို့လယ်ကျောင်းမှ ဘုရင်းအား နိုဝင်ဘာလ ၇ ရက်နေ့ညနေမှ စတင်ကာ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများ၊ အသင်းအဖွဲ့များ ပွင့်စဉ် အလိုက် မဲစနစ်ဖြင့် ပင့်ဆောင်၍ မိမိတို့ ရပ်ကွက်/ကျေးရွာများတွင် ယာယီ ကိန်းဝပ်စံပယ် အပူဇော်ခံကာ ဗုဒ္ဓ ပူဇနိယပွဲတော်ကို ဆင်ယင်ကျင်းပကြပြီး တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်နေ့တွင် ပွင့်စဉ်အလိုက် စီတန်းကာမင်္ဂလာစည်တော်အကဖွဲ့များ၊ဥပသကာအဖွဲ့များဖြင့် မြို့တွင်းသို့ ဒေသစာရီလှည့်လည် အပူဇော်ခံကြရာ ရပ်ကွက်အလိုက် ပြည်သူများမှ ဖူးမျှော်ကြည်ညိုကြပြီး အလှူငွေများ လှူဒါန်းခြင်း၊ စတုတိသာ အကျွေးအမွေးများဖြင့် တည်ခင်းကျွေးမွေးလှူဒါန်းခြင်းများဖြင့် တစ်မြို့လုံးစည်ကားလှကြောင်း သိရှိရသည်။
သိန်းသိန်း (လောင်းလုံး)