လားရှိုး နိုဝင်ဘာလ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ကျင်းပသည့် စတုတ္ထအကြိမ် လားရှိုးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကြီးတွင် လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင်နေ့စဉ် လာရောက်၍ ကျန်းမာရေးအတွက် Zumba အက ကကြသည့် ZYL Zumba အကအဖွဲ့က ယမန်နေ့ည တန်ဆောင်မုန်းလပြည့်နေ့တွင် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
ZYL Zumba အဖွဲ့သည် မြန်မာတေးသီချင်းတစ်ပုဒ်၊ တရုတ်တေးသီချင်းတစ်ပုဒ်တို့ဖြင့် အဖွဲ့လိုက် ကပြဖျော်ဖြေခဲ့ကြရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် စေတနာရှင်များက ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြသည်။
လားရှိုးတန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာလ ၄ ရက်နေ့မှ ၇ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး ပွဲတော်တွင် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအလှများ၊ နိုင်ငံကျော်အဆိုတော်များ၏ သီဆိုဖျော်ဖြေမှုများပါဝင်ခဲ့ကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)