သတင်းများ

ကော့သောင်းမြို့တွင် မြို့လုံးကျွတ် တန်ဆောင်မုန်းလ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ
Nov 09,2022
ကော့သောင်းမြို့၏ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် မြို့လုံးကျွတ်တန်ဆောင်မုန်းလ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့မွန်းလွဲပိုင်းကပြုလုပ်ကျင်းပရာ မြို့ကျက်သရေဆောင် ပြည်တော်အေးစေတီတော် သာသနာ့ဗိမာန်တော်ရှေ့မှစတင်ကာ ရပ်ကွက်များအတွင်းသို့ သံဃာတော်များကြွချီအလှူခံတော်မူကြသည်။
သီပေါမြို့ အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်
Nov 09,2022
ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ငယ်စဉ်ကပင်စာဖတ်သည့် အလေ့အကျင့် ကောင်းများ ရရှိစေရန်၊ ပြင်ပဗဟုသုတရရှိစေရန်၊ ဉာဏ်ပညာတိုးတက်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးပြု တတ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်းခွဲသို့ ယမန်နေ့ မွန်းလွဲ (၂)နာရီက စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် စတုတ္ထအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၃၃၂၅) ဦး ထိုးနှံပြီးဖြစ်
Nov 09,2022
မန္တလေးတိုင်းဒေသကြီး၊    ကျောက်ဆည်မြို့၊   စုကြီးရပ်ကွက် မြို့တော်ခန်းမတွင် ယနေ့နံနက် (၉) နာရီခွဲက စတုတ္ထအကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ (၃၃၂၅) ဦး ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။
ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်း သင်တန်းဖွင့်လှစ်
Nov 09,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်းသင်တန်း (အခမဲ့) ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့တွင် စာဖတ်ဝိုင်းကျင်းပ
Nov 09,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် စာအုပ်စာစောင် ချစ်မြတ်နိုးသည့် ဝါသနာတူ ကလပ်အသင်းများဖြစ်သော Book Club၊ Youth Club၊ Woman Club နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းက စာရေးဆရာချစ်စံဝင်း၏ “ရည်မှန်းရမည့်ပန်းတိုင်”စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်သည်။
သံတောင်ကြီးမြို့နယ်ဖယ်ဖိုးကျေးရွာတွင်ကျေးလက်ကုန်ထုတ်လမ်းဆောင်ရွက်မှု(၄၀)ရာခိုင်နှုန်းပြီးစီး
Nov 09,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  သံတောင်ကြီးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုး၏ ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ကုန်ထုတ်လမ်းဆောင်ရွက်နေသည့် ဖယ်ဖိုးအထက်ကျေးရွာသို့ ယမန်နေ့နေ့လည်(၃)နာရီအချိန်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများကကွင်းဆင်းကာ လိုအပ်သည်များပေါင် စပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မိုင်းခုတ်မြို့၊ ဝမ်ကတ်ဘုန်းကြီးကျောင်း၌ စုပေါင်းကထိန်ပဒေသာပင် ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
Nov 09,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ဝမ်ကတ်ကျေးရွာနေ ဒေသခံပြည်သူများ စုပေါင်း၍ ကထိန်ပဒေသပင်ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါကျေးရွာရှိ ဘုန်းကြီးကျောင်း၌ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ 
သရက်မြို့၌ ဆင်ဖြူတော်ဘုရားကြီးနှင့် သဗ္ဗသုခစေတီတော်တွင်ဒုတိယညအဖြစ် ဆီမီးတစ်ထောင် ထွန်းညှိပူဇော်
Nov 09,2022
မကွေးတိုင်းဒေသကြီး သရက်မြို့ ပြည်တော်အေးရပ်ကွက်အတွင်းရှိ ဆင်ဖြူတော်ဘုရားကြီးနှင့် သဗ္ဗသုခစေတီတော်တွင် ဆီမီးတစ်ထောင် ထွန်းညှိပူဇော်ခြင်းကို ယမန်နေ့ ညက (၇)နာရီက ဆီမီးတစ်ထောင် ထွန်းညှိပူးဇော်ခဲ့ကြသည်။