သတင်းများ

ကျောင်းကုန်းမြို့တွင် e-ID စနစ်၊ Excel Format ဖြင့် နိုင်-၄ မှတ်တမ်းများ စိစစ်ဖြည့်သွင်းခြင်းအား ကြီးကြပ်ဆောင်ရွက်
Apr 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးတွင် e-ID စနစ်၊ Excel Format ဖြင့် နိုင်-၄ မှတ်တမ်းများ စိစစ်ဖြည့်သွင်းခြင်း လုပ်ငန်းများကို ယနေ့  နံနက် ၈ နာရီအချိန်က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ စုစည်း၍ Book Club စာဖတ်ဝိုင်း ပြုလုပ်
Apr 27,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ ၏ Book Club စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လည် ၂ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန ခန်းမတွင် ပြုလုပ်ခဲ့သည်။
ဟိုပန်၌ မြို့နယ်လုံးကျွတ် သဲပုံစေတီလှူဒါန်းပွဲနှင့် နတ်နန်းကန်တော့ပွဲ ကျင်းပ
Apr 27,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် ဒေသထုံးတမ်းအစဉ်အလာ ရိုးရာ မပျက် မြို့နယ်လုံးကျွတ် သဲပုံစေတီလှူဒါန်းပွဲနှင့် နတ်နန်းကန်တော့ပွဲကို ယမန်နေ့ နံနက်ပိုင်းက ဟိုပန်မြို့၊ မန်မိုင်ရပ်ကွက်ရှိ  ကိုးမြို့ရှင် နတ်နန်းကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကွမ်းခြံကုန်းမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့မီးငြိှမ်းသတ်ရေး သရုပ်ပြကျင်းပ
Apr 27,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်း ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးမှုများ မရှိစေရေး၊ ဌာနဆိုင်ရ အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများ ပျက်စီးဆုံးရှုံး မှုများဖြစ်ပွားမှု မရှိစေရေးအတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်တားဆီးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့ မီးငြိှမ်း သတ်ရေး သရုပ်ပြပွဲကို ယမန်နေ့က မြို့ရှောင်လမ်းဆောက်လုပ်နေသည့် လမ်းအထူး အဖွဲ့(၄)ဝန်ထမ်း လိုင်းခန်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟိုင်းကြီးကျွန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းအိုမီခရွန် (Omicron) ရောဂါပိုး ကြိုတင်ကာကွယ်ရေးနှင့် ကာကွယ်ဆေးထိုးနှံနိုင်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆက်လက်ဆောင်ရွက်
Apr 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းအိုမီခရွန် (Omicron) ရောဂါ ပိုးကြိုတင်ကာကွယ်ရေးနှင့် ကာကွယ်ဆေးထိုးနှံနိုင်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ (၄)နာရီအချိန်က  ရပ်ကွက်များနှင့် ကျေးရွာများအရောက် လှည့်လည်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကံမမြို့ပေါ်ရှိ မသန်စွမ်း က‌လေးငယ်များအား ထောက်ပံ့
Apr 27,2022
မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ‌ဒေါ်စိုးပပနှင့်အဖွဲ့ဝင်များသည် သရက်ခရိုင် ကံမမြို့သို့ ယမန်နေ့ နေ့လည်က ရောက်ရှိပြီး မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး မြို့ပေါ်ရပ်ကွက်များမှ မသန်စွမ်း ကလေးငယ်များအား ထောက်ပံ့ငွေနှင့် အာဟာရမုန့်များအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ပြည်နယ်လူမှုရေးရာဝန်ကြီး ဌာနလက်အောက်ရှိ ဌာနဆိုင်များနှင့် တွေ့ဆုံ 
Apr 27,2022
ကရင်ပြည်နယ် ဘားအံခရိုင်  လူထုအခြေပြုဗဟိုဌာန  (Community Centre) ခန်းမတွင် ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးလွင် ၊ ပြည်နယ်လူမှုရေးရာဝန်ကြီးဌာန လက်အောက်ရှိ  ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ယမန်နေ့ မွန်းလွဲ (၃) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပါဠိပထမပြန်စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် စမ္မာစရိယနှင့် ပထမပြန်စာအောင် သံဃာတော် များအား အောင်လက်မှတ် ဆက်ကပ် လှူဒါန်းနိုင်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Apr 27,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ် တွင် ၂၀၂၂ခုနှစ်၊ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာ မေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့်၂၀၂၁ခု နှစ်ဓမ္မာစရိယအောင် သံဃာတော်များနှင့် ပထမ ပြန်စာအောင် သံဃာတော်များအား အောင်လက်မှတ် ဆက်ကပ်လှူဒါန်းနိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နေ့လယ်က ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦး စေတီတော်ဝန်းရှိ ဆိပ်ကမ်းလုပ်သား စုပေါင်း ဓမ္မာရုံတွင် ကျင်းပခဲ့သည်။