ဥတ္တရသီရိ နိုဝင်ဘာ ၉
ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ကျောင်းသူများ စာဖတ်သည့် အလေ့အထကောင်းများတိုးပွားစေရေး ရည်ရွယ်၍ စာအုပ်၊စာစောင် ငှားရမ်းခြင်းကို ယနေ့နံနက် ၁၀ နာရီက ဥတ္တရသီရိမြို့နယ် အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ဆောင်ရွက်ပေးခဲ့ကြ သည်။
ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုလေ့လာနိုင်ရေးအတွက် သုတ၊ ရသ စာအုပ် မျိုးစုံ (၁၀၀)ကျော် ငှားရမ်းပေးခဲ့ပြီး စာအုပ်၊ စာစောင် အသစ်များကို စဉ်ဆက်မပြတ် လဲလှယ် ဖြည့်စည်းပေးလျက်ရှိကြောင်းနှင့် ယခုငှားရမ်းပေးခဲ့သော စာအုပ်၊စာစောင်များကို ရက်သတ္တပတ် တစ်ပတ်ပြည့်လျှင် ပြန်လည်အပ်နှံကာ စာအုပ်၊ စာစောင် အသစ်များ ထပ်မံငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာဟိန်း(ပြန်/ဆက်)