မြေပုံမြို့ရှိ တန်ခိုးကြီးဘုရားများ၌  ဆီမီးပူဇော်လှူဒါန်းသူများနှင့် မီးပုံးပျံလွှတ်တင် ပူစော်သူများဖြင့်စည်ကား

မြေပုံ  နိုဝင်ဘာ  ၉

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ တန်းဆောင်းမုန်းလပြည့်သမညဖလအခါတော်နေ့၌  အငူဗုဒ္ဓရင်ရိုးတော်ဓာတ်စေတီတော်မြတ်ကြီးနှင့် မြို့ဦးဘုရားစေတီမြတ်ကြီးတို့၌  ဆီမီးထွန်းညှိပူဇော်သူများ၊ မီ ပုံးပျံလွှတ်တင်ပူဇော်သူများဖြင့် စည်ကားလျက်ရှိသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ပြည်သူများပျော်ရွှင်စွာ ကုသိုလ်ပြုနိုင်ရန်အတွက် မြေပုံမြို့၌ဘုရား၊ စေတီ၊ ပုထိုးများရှိ ဂေါပကအဖွဲ့သို့ မီးပုံးပျံအလုံး(၅၀)လှူဒါန်းပေးခဲ့သည်။ ထို့နောက် ပြည်သူများ ပျော်ရွှင်စွာ ဆီမီးပူဇော်ကုသိုလ်ပြုနိုင်ရန်စီစဉ်ပေးမှုကြောင့်  ဘုရားစေတီပုထိုးများ၌  ဘုရားဖူးသူ၊ ဆီမီးပူစော်သူ၊   မီးပုံးပျံလွှတ်တင်ပူဇော်သူတို့ဖြင့် ယခင်နှစ်များထက် ပိုမိုစည်ကားစွာ ကုသိုလ်ပြုလျက်ရှိကြောင်း သိရသည်။

တင်ဝင်း