ချမ်းအေးသာစံမြို့တွင် ရပ်ကွက်လမ်းညွှန်၊ လမ်းအမှတ်လမ်းညွှန်ဆိုင်းဘုတ်များပြန်လည်ပြုပြင်

ချမ်းအေးသာစံ နိုဝင်ဘာ ၉

မန္တလေး၊ ချမ်းအေးသာစံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်လမ်းညွှန်၊ လမ်းအမှတ်လမ်းညွှန်ဆိုင်းဘုတ်များ ပြန်လည်ပြုပြင်ခြင်းကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။

ချမ်းအေးသာစံမြို့နယ်အတွင်း အများပြည်သူများသွားလာရေး လွယ်ကူချောမွေ့စေရေး၊ လမ်းညွှန်ဆိုင်းဘုတ်များ တိကျမှန်ကန်စေရေးတို့အတွက် အောင်နန်းရိပ်သာအရှေ့ရပ်ကွက်ရှိ ဆေးမှုတ်ပြီးသောလမ်းညွှန်ဆိုင်းဘုတ်များ၊ သစ်ကိုင်းများဖြင့်ဖုံးအုပ်နေသော လမ်းညွှန်ဆိုင်းဘုတ်များနှင့် တိမ်းစောင်းနေသောလမ်းညွှန်ဆိုင်းဘုတ်များအား ချမ်းအေးသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးအောင် ဦးဆောင်သော ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးကာ ပြန်လည်ပြုပြင်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိပ်ထားနိုင်