ဒေးဒရဲမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်မြှင့်တင်ဆောင်ရွက်

ဒေးဒရဲ နိုဝင်ဘာ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်း များကို အရှိန်အမြှင့်တင်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၁၁)နာရီက မြို့နယ် စည်ပင်သာယာရေး အဖွဲ့ပိုင် မြို့မစျေးကြီးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဟန်ဝင်းစိုး၊ မြို့နယ် လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း မြို့နယ်အင်ဂျင်နီယာ ဦးနိုင်ထက်လွင် ဦးဆောင်၍ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက မြို့မစျေးကြီးအတွင်းရှိ စျေးရုံ များ၊ စျေးဆိုင်ခန်းများတွင် သွယ်တန်းထားသော လျှပ်စစ်မီးကြိုးများ ကြံ့ခိုင်မှု အခြေအနေများ၊ လျှပ်စစ် ပစ္စည်းအရောင်းဆိုင်၊ ဆေးပစ္စည်းအရောင်းဆိုင်များ၊ လ္ဘက်ရည်ဆိုင်များနှင့် အဝတ်အထည် အရောင်းဆိုင် များတွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးပစ္စည်းများ တပ်ဆင်ထား ရှိမှုများကို ကွင်းဆင်း စစ်ဆေးခြင်း၊ အသိပညာပေး ဟောပြောခြင်းများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အေဇာလင်း