သတင်းများ

ကလိန်အောင်မြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်များခင်းကျင်းပြသဆောင်ရွက်
Nov 15,2022
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၁၇)ရက်‌နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်း‌ဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့ မွန်းလွဲ(၁) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
(၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရသေ့တောင်မြို့နယ် (Community Center) ခန်းမ၌ စာအုပ်ပြပွဲကျင်းပ
Nov 15,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့မွန်းလွဲ(၁)နာရီအချိန်က စာအုပ်စာစောင်ပြပွဲကိုခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(မြို့မ)၌ (၁၀၂)မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာစပ်ပြိုင်ပွဲကျင်းပ
Nov 15,2022
မန္တလေးတိုင်းဒေသကြီး  ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်နေ့တွင်ရောက်ရှိမည့် (၁၀၂)နှစ်မြောက် အမျိုး သားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးနှင့်ကဗျာစပ်ပြိုင်ပွဲကို ယနေ့နံနက် ၉နာရီခွဲအချိန်က ညောင်ဦး မြို့၊ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)တွင်ကျင်းပခဲ့သည်။
ဓနုဖြူမြို့နယ်၌ ခရိုင်အဆင့်လုပ်ငန်း အကောင်အထည်ဖော်ရေးကော်မတီ(နေကြာ) အဖွဲ့ဝင်များနှင့် တောင်သူများတွေ့ဆုံ
Nov 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ခရိုင်အဆင့်လုပ်ငန်း အကောင်အထည်ဖော်ရေးကော်မတီ(နေကြာ) အဖွဲ့ဝင်များနှင့် တောင်သူများ တွေ့ဆုံခြင်းကို ယနေ့နံနက် ၈:၃၀အချိန်က နန်းတော်ကုန်းကျေးရွာ စံပြစိုက်ကွက်တွင် တွေ့ဆုံခဲ့သည်။
ချောင်းဆုံမြို့နယ် နတ်မှော်ကျေးရွာတွင် ပေါ်ဆန်းရင်မိုးစပါးစံပြစိုက်ကွက် ရိတ်သိမ်းရာ (၈၈.၇၂)တင်းထွက်ရှိ
Nov 15,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် နတ်မှော်ကျေးရွာအုပ်စု ကွင်းအမှတ်(၆၁၃) အကွက်အမှတ်(၂၀၉၉)ရှိ စိုက်ပျိုးရေးဌာနမှ စိုက်ပျိုးထားသည့် တောင်သူနည်းပညာပေး ပေါ်ဆန်းရင်မျိုးစပါးစံကွက် ရိတ်သိမ်းခြင်းကို ယမန်နေ့ညနေ (၄)နာရီအချိန် က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီများ၊ ဒေသခံတောင်သူများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ကြည့်ရှုခဲ့ကြသည်။
ဒလမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြောင်း အသိပညာပေး Talk Show ကျင်းပ
Nov 15,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြောင်း အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက် (၁၀)နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ကျင်းပခဲ့သည်။
သရက်ချောင်းမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး ပညာပေးဟောပြောပွဲကျင်းပ
Nov 15,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး ပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီခွဲအချိန်က သရက်ချောင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သပိတ်ကျင်းမြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
Nov 15,2022
 မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့၌ ၁၃၄၈- ခှနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့တွင်ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများမှ သပိတ်ကျင်းမြို့ အခြေခံပညာကျောင်းများတွင် ယနေ့နံနက်ပိုင်းက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။