ဒလမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြောင်း အသိပညာပေး Talk Show ကျင်းပ

ဒလ  နိုဝင်ဘာ  ၁၅

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြောင်း အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက် (၁၀)နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ကျင်းပခဲ့သည်။

အဆိုပါ အသိပညာပေး ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာဝင်း က အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ကျောင်းဆရာမကြီး(ငြိမ်း) ဒေါ်လှလှရီက (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြောင်းနှင့် ပတ်သက်သည့် သိကောင်းစရာများကို အသိပညာပေး ဆွေးနွေးခဲ့သည်။

မြို့နယ်( ပြန်ဆက်)