သတင်းများ

တာချီလိတ်မြို့၌ မိုးစပါးအထွက်နှုန်း မှန်ကန်ရေး စံကွက်ရိတ်သိမ်းပွဲ ကျင်းပ
Nov 15,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ မိုးစပါးအထွက်နှုန်းမှန်ကန်ရေး စံကွက်ရိတ်သိမ်းပွဲကို မိုင်းဖုန်း(က) ကျေးရွာအုပ်စု၊ ကွင်းအမှတ် ၄၆/ဝမ်နားကွင်းရှိ တောင်သူ ဦးစိုင်းလုံကျောက်၏ လယ်မြေ(၂ ဒဿမ ၅၀)ဧကတွင် ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အမ်းမြို့နယ်၌ (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်(အကြို) ဟောပြောပွဲ၊ ပြပွဲနှင့်လက်ကမ်းစာစောင်များဖြန့်ဝေ
Nov 15,2022
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာရေးဦးစီးဌာနတို့ပူပေါင်းပြီး (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်(အကြို) ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ နေ့လယ်အချိန်က အ-ထ-က(၁) ခန်းမ၌ပြုလုပ်ခဲ့သည်။
ငါန်းဇွန်မြို့၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ
Nov 15,2022
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီခွဲက (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ဆေးရောင်ခြယ်နှင့် ကဗျာရွတ်ဆိုပြိုင်ပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် မိုဘိုင်းဖုန်းဖြင့် ဗွီဒီယိုတည်းဖြတ်ခြင်းသင်တန်း ဖွင့်လှစ်
Nov 15,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံလူငယ်များအား တိုးတက်လာသည့် နည်းပညာရပ်များကို လိုက်ပါဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းခွင်အတွင်း လုပ်ငန်းများကို လျင်မြန်စွာ ဆောင်ရွက်ရေးတို့အတွက် မိုဘိုင်းဖုန်းဖြင့်  ဗွီဒီယိုတည်းဖြတ်ခြင်းသင်တန်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။
ငါန်းဇွန်မြို့၌ မိုဘိုင်းဖုန်းဖြင့် ဗွီဒီယိုတည်းဖြတ်ခြင်းသင်တန်းဖွင့်လှစ်
Nov 15,2022
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က မိုဘိုင်းဖုန်းဖြင့် ဗွီဒီယိုတည်းဖြတ်ခြင်း (အခမဲ့) သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
စဉ့်ကူးမြို့နယ်၊ သောတုဇနဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း
Nov 15,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာအုပ်စု၊ ရုံးပင်ကုန်းကျေးရွာရှိ သောတုဇနဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့သည်။
မိုင်းခတ်မြို့၌ (၁၀၂)နှစ်မြောက် အမျိုးသား‌အောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Nov 15,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့၌  နိုဝင်ဘာလ(၁၇)ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနဦးစီးဌာန ဝန်ထမ်းများက  ကျောင်းသား၊ ကျောင်းသူများနှင့် မြို့မဈေးရှိ ဈေးရောင်း၊ ဈေးဝယ်သူများ‌ထံ အခမဲ့လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲဆောင်ရွက်
Nov 15,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင်ကျရောက်မည့် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၁)နာရီအချိန်က ကျင်းပခဲ့သည်။