ကလိန်အောင်မြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်များခင်းကျင်းပြသဆောင်ရွက်

ကလိန်အောင် နိုဝင်ဘာ ၁၅

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၁၇)ရက်‌နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်း‌ဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့ မွန်းလွဲ(၁) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး(တာဝန်ပေး) ဒေါ်ခင်ခင်လဲ့က  အနာဂတ်မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများကို မမေ့သင့်မမေ့အပ်သော နေ့ထူးနေ့မြတ်များကို အစဉ်အမြဲအမှတ်ရစေရန်၊ အမျိုး သား အောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းအကြောင်းအရာများ၊ အမျိုးသားရေးစိတ်ဓာတ်ကိုအခြေခံပြီး အမျိုးဂုဏ်ဇာတိဂုဏ်မြင့်မားရေးနှင့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေး‌အကြောင်း အရာများကို ဟောပြောခဲ့‌ကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ အနေဖြင့်ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရန်စာဖတ်သည့် အလေ့ အကျင့်များ ရရှိစေရန်စာအုပ် စာစောင်များငှားရမ်းပေးခြင်း၊ အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ်နှင့်ပတ်သတ်သည့် သိမှတ်ဖွယ်ရာဗဟုသုတများအဖြစ် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာ‌စောင်များ ခင်းကျင်းပြသပေးရာ ကျောင်းသားကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရခဲ့ကြကြောင်းသိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)