ဓနုဖြူမြို့နယ်၌ ခရိုင်အဆင့်လုပ်ငန်း အကောင်အထည်ဖော်ရေးကော်မတီ(နေကြာ) အဖွဲ့ဝင်များနှင့် တောင်သူများတွေ့ဆုံ

ဓနုဖြူ နိုဝင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ခရိုင်အဆင့်လုပ်ငန်း အကောင်အထည်ဖော်ရေးကော်မတီ(နေကြာ) အဖွဲ့ဝင်များနှင့် တောင်သူများ တွေ့ဆုံခြင်းကို ယနေ့နံနက် :၃၀အချိန်က နန်းတော်ကုန်းကျေးရွာ စံပြစိုက်ကွက်တွင် တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် မအူပင်ခရိုင်အဆင့် လုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီ (နေကြာ) အဖွဲ့ဝင်နှင့် တွဲဖက်အတွင်းရေးမှူးတို့မှ ဓနုဖြူမြို့နယ်ရှိ နန်းတော်ကုန်းကျေးရွာ၊ စံပြစိုက်ကွက်နှင့် တမြာကျေးရွာ၊ စံပြစိုက်ကွက်များတွင် ဆောင်းသီးနှံ(နေကြာ) စိုက်ပျိုးမှုနှင့်ပတ်သက်၍ ဓနုဖြူမြို့နယ်တွင် လျာထားဧကအလိုက် မျိုးစုဆောင်းထားရှိမှု၊ ဖြန့်ဝေမှု၊ စတင်စိုက်ပျိုးနေမှု များနှင့် ပတ်သက်၍ တွေ့ကြုံရသည့် အခက်အခဲများ၊ အခြေအနေများအပေါ် အားနည်းချက်၊ အားသာချက်များကို မြို့နယ်အဆင့် ကော်မတီဝင်များ၊ တောင်သူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့သည်။

ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့် ကော်မတီဝင်များ၊ မြေစာရင်းဌာနမှ မြေတိုင်းစာရေးများ၊ စိုက်ပျိုးရေးဌာနမှ စိုက်ကွင်းမှူးများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ တောင်သူများနှင့် တွေ့ဆုံကာ ဓနုဖြူမြို့နယ်အတွင်း နေကြာစိုက်ပျိုးနေမှု အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များအား မှာကြားခဲ့ကြကြောင်း သိရသည်။

မြိုနယ်(ပြန်/ဆက်)