သတင်းများ

ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ပုံပြောပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ
Nov 15,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ပုံပြောပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
မင်းလှမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးကွင်းဆင်းဆောင်ရွက်
Nov 15,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းကို အ.မ.က ဇရစ်ချောင်းကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့သည်။
၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ ကျန်ရစ်သူအကျိုးခံစားခွင့်ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Nov 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော မြန်မာ့ သစ်လုပ်ငန်း၊ သစ်ထုတ်လုပ်ရေးဒေသရုံး (ပုသိမ်) မှ အာမခံအလုပ်သမား ဦးမောင်မောင်စိုး၏ လုပ်ငန်းခွင် အတွင်း ထိခိုက်ဒါဏ်ရာရ သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ထုတ်ပေးခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက သစ်ထုတ်လုပ်ရေး ဒေသရုံးအစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ
Nov 15,2022
ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ (၁၇) ရက်နေ့တွင်ကျရောက်မည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် (၉) နာရီအချိန်က အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း တွင် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများသွားရောက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး ဆွေးနွေးပြောကြား
Nov 15,2022
ကျောင်းသား၊ ကျောင်းသူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကိုသိရှိကာ လိုက်နာဆောင်ရွက်နိုင်စေရန်အတွက် ယနေ့နံနက်ပိုင်း က ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အ.ထ.က (ထန်းတပင်) အခြေခံပညာအထက်တန်းကျောင်းတွင် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
တာမွေမြို့နယ်တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြောင်း အသိပညာပေး Talk Show အစီအစဉ် အွန်လိုင်းမှတစ်ဆင့် ထုတ်လွှင့်တင်ဆက်
Nov 15,2022
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ စီစဉ်တင်ဆက်သော (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြောင်း အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ အွန်လိုင်းမှတစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးခဲ့သည်။
ရန်ကင်းမြို့နယ်တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Nov 15,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်းရှိ ကျောင်းသား/သူများ၊ လူငယ်လူရွယ်များ အနေဖြင့် အမျိုးသားရေးစိတ်ဓာတ် ထက်သန်နိုးကြားလာစေရန်၊ အမျိုးသားအောင်ပွဲနေ့အကြောင်း ကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်နိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀:၀၀ နာရီ က ရန်ကင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိရွှေစင်နှင့် ဝန်ထမ်းများသည် ဦးစီးဌာနက ထုတ်ဝေသည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များကို အခြေခံပညာကျောင်းများရှိ ကျောင်းသား/သူများထံ လက်ဝယ်အရောက် အခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မော်လမြိုင်မြို့၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ
Nov 15,2022
မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က မော်လမြိုင်မြို့ အမှတ် (၆) အခြေခံပညာ အထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။