ချောင်းဆုံမြို့နယ် နတ်မှော်ကျေးရွာတွင် ပေါ်ဆန်းရင်မိုးစပါးစံပြစိုက်ကွက် ရိတ်သိမ်းရာ (၈၈.၇၂)တင်းထွက်ရှိ

ချောင်းဆုံ  နိုင်ဝင်ဘာ  ၁၅

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် နတ်မှော်ကျေးရွာအုပ်စု ကွင်းအမှတ်(၆၁၃) အကွက်အမှတ်(၂၀၉၉)ရှိ စိုက်ပျိုးရေးဌာနမှ စိုက်ပျိုးထားသည့် တောင်သူနည်းပညာပေး ပေါ်ဆန်းရင်မျိုးစပါးစံကွက် ရိတ်သိမ်းခြင်းကို ယမန်နေ့ညနေ ()နာရီအချိန် က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီများ၊ ဒေသခံတောင်သူများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ကြည့်ရှုခဲ့ကြသည်။

မိုးစပါးစံကွက်မှာ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်စိုက်ပျိုးထားသည့် တောင်သူနည်းပညာပေး မျိုးစပါးစံပြစိုက်ကွက်ဖြစ်ကြောင်း အဆိုပါစပါးစံကွက် ()ကွက် (.၁၀)ကိုယ်စားပြုစိုက်ကွက်အား ရိတ်သိမ်းခဲ့ရာပေါ်ဆန်းရင် အစိုထွက်နှုန်းမှာ (၉၇.)တင်း၊ အခြောက်ထွက်နှုန်း (၈၈.၇၂)တင်း ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ချောင်းဆုံ (ပြန်/ဆက်)