သတင်းများ

(၁၀၂)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာပြိုင်ပွဲ ကျင်းပ
Nov 15,2022
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတို့ ပူးပေါင်း၍ (၁၀၂)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာပြိုင်ပွဲ အခမ်းအနားကို နိုဝင်ဘာ(၁၅)ရက်၊ နံနက်(၁၀)နာရီခွဲက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
သရက်ချောင်းမြို့နယ်တွင် ထားဝယ်မြစ်ကြောင်းရှင်းလင်းရေးနှင့် သဲသောင်တူးဖော်ခြင်းလုပ်ငန်းရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကျင်းပ
Nov 15,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ထားဝယ်မြစ်ကြောင်းရှင်းလင်းရေးနှင့် သဲသောင်တူးဖော်ခြင်းလုပ်ငန်းရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က သရက်ချောင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
စစ်ကိုင်းခရိုင် ပြန်/ဆက် ဦးစီးဌာနတွင် “စိုက်ပျိုးရေးကဏ္ဍ အသိပညာပေး” Talk Show ကျင်းပဆောင်ရွက်
Nov 15,2022
စစ်ကိုင်းခရိုင် 8soCfP12Ph19mi914zQaZz2KsGGtcANVhVVfKAnmVRqM စစ်ကိုင်းမြို့နယ်၊ စိုက်ပျိုးရေး ဦးစီးဌာန၊ မင်းကွန်းတိုက်နယ် တာဝန်ခံ တို့ပူးပေါင်း၍ “စိုက်ပျိုးရေးကဏ္ဍ အသိပညာပေး” Talk Show ကျင်းပဆောင်ရွက်ခြင်းကို နိုဝင်ဘာ (၁၅)ရက်၊ နံနက်(၁၁)နာရီက အဆိုပါရုံးရှိ လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ချမ်းမြသာစည်မြို့နယ်၌ (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲများကျင်းပ
Nov 15,2022
၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ ရက်နေ့တွင်ကျရောက်မည့် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြိုအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (CommunityCentre) ခန်းမ၌ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲနှင့် အာလူးကောက်ပြိုင်ပွဲများကို ယနေ့မွန်းတည့် ၁၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Nov 15,2022
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commmunity Centre) ခန်းမတွင် တောင်မြူခိုးကြားမှ အလှပန်းများစာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယမန်နေ့ညနေက ကျင်းပပြုလုပ်ခဲ့သည်။
သိန္နီမြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Nov 15,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် ပညာရေးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူ လူငယ်များအား အမျိုးသားအောင်ပွဲ နေ့အား အစဉ်သတိရ၍ မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ ယှဉ်ပြိုင်တတ်သည့် အလေ့အကျင့်ကောင်း များ ရရှိစေရန်နှင့် ဗဟုသုတကြွယ်ဝစေရန်ရည်ရွယ်၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
လင်းခေးမြို့နယ် ဒါးဆိပ်ကျေးရွာတွင် ကျေးရွာမြေငှားဂရန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပ
Nov 15,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကြီးမှူး၍ လင်းခေးမြို့နယ်၊ ဒါးဆိပ်ကျေးရွာအုပ်စု၊ ဒါးဆိပ်ကျေးရွာတွင် ကျေးရွာမြေငှားဂရန် ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ဒါးဆိပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။
ရသေ့တောင်မြို့၌ (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်(အကြို) အသိပညာပေးဟောပြောပွဲကျင်းပ
Nov 15,2022
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၊ မြို့မအ-ထ-က(၂)ကျောင်းတွင် ယနေ့မွန်းတည့်(၁၂)နာရီအချိန်က ကျောင်အစည်းအဝေးခန်းမ၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်(အကြို) အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။