ညောင်ဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(မြို့မ)၌ (၁၀၂)မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာစပ်ပြိုင်ပွဲကျင်းပ

ညောင်ဦး  နိုဝင်ဘာ  ၁၅

မန္တလေးတိုင်းဒေသကြီး  ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်နေ့တွင်ရောက်ရှိမည့် (၁၀၂)နှစ်မြောက် အမျိုး သားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးနှင့်ကဗျာစပ်ပြိုင်ပွဲကို ယနေ့နံနက် ၉နာရီခွဲအချိန်က ညောင်ဦး မြို့၊ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)တွင်ကျင်းပခဲ့သည်။

အဆိုပါအမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံးနှင့်ကဗျာစပ်ပြိုင်ပွဲတွင် အထက်တန်း/အလယ်တန်းအဆင့် အမျိုးသားအောင်ပွဲ ဒို့ဆင်နွှဲ  ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာစီစာကုံး ပြိုင်ပွဲတွင် အထက်တန်း/အလယ်တန်းအဆင့် အမျိုးသားနေ့ ဒို့မမေ့ ခေါင်းစဉ်ဖြင့်လည်းကောင်း ခေါင်းစဉ်တို့ဖြင့်ကျင်းပရာ အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား/သူများ၊ အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ စုစုပေါင်း (၅၉)ဦးတို့မှပါဝင်ယှဉ်ပြိုင်ခဲ့ ကြောင်းသိရသည်။

ဆက်လက်၍  (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာစပ်ပြိုင်ပွဲသို့ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်နှင့်ခရိုင်စီမံ အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦး စီးဌာန၊ ဒေါ်စန်းယုမော်(လက်ထောက်ညွှန်ကြားရေးမှူး)၊ ညောင်ဦးမြို့နယ် ပညာရေးမှူး ဒေါ်သန်းသန်းအေးနှင့် ဆရာ၊ဆရာမများ လာရောက်ကြည့်ရှုအားပေး၊ကြီးကြပ်ခဲ့ပြီး ပြိုင်ပွဲတွင်ဆုရရှိသော ကျောင်းသားကျောင်းသူများအား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်၊ (၁၀၂) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ကိုကြေးမုံ