သပိတ်ကျင်းမြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

သပိတ်ကျင်း  နိုဝင်ဘာ  ၁၅

 မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့၌ ၁၃၄၈- ခှနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့တွင်ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများမှ သပိတ်ကျင်းမြို့ အခြေခံပညာကျောင်းများတွင် ယနေ့နံနက်ပိုင်းက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 အဆိုပါ လက်ကမ်းစာစောင်များကို ကဘဲ့ရပ်ကွက်အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/သူများနှင့် ဆိပ်ကမ်းရပ်ကွက်အခြေခံပညာမူလတန်း ကျောင်းသား/သူများအား အခမဲ့ဖြန်ဝေပေးခဲ့ပြီး   လက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ၂၈-၁၁-၂၀၂၁ ရက်တွင်(၁၀၁)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာမှ ကောက်နှုတ်ချက်၊ ဗိုလ်ချုပ်အောင်ဆန်း ၂၃-၁-၁၃၆၄ ရက်နေ့ ဖဆပလပြည်လုံးကျွတ် ညီလာ ခံကြီးတွင်တင်သွင်းသော ညီညွတ်ရေးအဆိုမှကောက်နှုတ်ချက်၊ အမျိုးသားရေးအားမာန်၊  ရန်ကုန်ယူနီဗာစတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး (၁၁) ဦး၊ ၂၀၂၂ ခုနှစ်၊ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ ပညာရေးမျှော်မှန်းချက်များနှင့် ကဗျာဆရာ ဘိုမျိုး (ရွှေဘို) ရေးသားသည့် သူ့ကျွန်မခံအမျိုး သားအားမာန် ကဗျာနှင့် သရုပ်ဖော်ကာတွန်းများ စသည်တို့ပါရှိကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)