(၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရသေ့တောင်မြို့နယ် (Community Center) ခန်းမ၌ စာအုပ်ပြပွဲကျင်းပ

ရသေ့တောင် နိုဝင်ဘာ ၁၅

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့မွန်းလွဲ(၁)နာရီအချိန်က စာအုပ်စာစောင်ပြပွဲကိုခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် နိုဘင်ဘာလ(၁၇)ရက်နေ့တွင်ကျရောက်မည့် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာန (Community Centre) ခန်းမ၌ ကျောင်းသူ/ ကျောင်းသားများနှင့် ရပ်ကွက်နေပြည်သူများအား စာအုပ်စာစောင်များ၊ မဂ္ဂဇင်းများ၊ အသိပညာဗဟုသုရရှိမည့်စာအုပ်များ၊ မြန်မာနိုင်ငံသမိုင်းနှင့်သက်ဆိုင်သောစာအုပ်များ၊ အမျိုးသားအောင်ပွဲနေ့သိကောင်းစာအုပ်များ စသည့်စာအုပ်များကို ခင်းကျင်းပြသလျက်ရှိသည်။

အဆိုပါစာအုပ်ပြပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်တင်ဇာဦးက စာဖတ်ပရိသတ်ပြည်သူများအား အသိပညာဗဟုသုတတိုးပွားစေရေးနှင့် စာအုပ်စာပေကောင်းများဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရေးအတွက်ရည်ရွယ်ပြီး ကျင်းပရခြင်းဖြစ်ကြောင်း သိရှိရပါသည်။၊

ထွန်းလင်းကျော်