သတင်းများ

ကျိုင်းတုံမြို့၌ ကြက်ခြေနီအကြောင်းသိကောင်းစရာ Talk Show ဆွေးနွေး
Nov 15,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌  ကြက်ခြေနီအကြောင်းသိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီက ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။
(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကျင်းပ
Nov 15,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန၌(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
နမ့်ဆန်မြို့ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသားလူငယ်များအား “လူငယ်တွေလမ်းမမှားနှင့်မူးယစ်ဆေးဝါးအန္တရာယ်”စာအုပ်ပါအကြောင်းအား စာဖတ်ဝိုင်းပြုလုပ်
Nov 15,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းပြီးပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ယနေ့နံနက်(၁၁)နာရီက စာရေးသူ မောင်ကျေးဇူး၏ “လူငယ်တွေလမ်းမမှားနှင့် မူးယစ်ဆေးဝါးအန္တရာယ်” စာအုပ်ပါ အကြောင်းအရာအား စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
လဲချားမြို့နယ် အ-ထ-က ကျောင်းတွင်  (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲကျင်းပ
Nov 15,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊လွိုင်လင်ခရိုင်၊လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ အခြေခံပညာအထက်တန်းကျောင်းတွင် (၁၀၂) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲကို ယနေ့နံနက်(၉)နာရီခွဲ အချိန်က ကျင်းပ ပြုလုပ်ခဲ့ပါသည်။
စဉ့်ကိုင်မြို့နယ်တွင် (၁၀၂)နှစ်မြှောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့်ဆုပေးပွဲကျင်းပ
Nov 15,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် (၁၀၂)နှစ်မြှောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် ဆုပေးပွဲကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
 (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်‌ဝေ
Nov 15,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် (၁၀၂)နှစ်မြောက်အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ ဖတ်ရှုလေ့လာနိုင်ရန်အတွက် ယနေ့နံနက်ပိုင်းက အမှတ်(၁၄)နှင့် အမှတ်(၂၂) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ဖြန့်‌ဝေပေးခဲ့ကြသည်။
ပေါက်ခေါင်းမြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ ပြုလုပ်
Nov 15,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အမှတ်-၁ ကျောင်းခန်းမ၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် အနှေးယာဉ်များ ယာဉ်အန္တရာယ်ကင်းဝေးစေရေးအတွက် ရောင်ပြန်ပြားများ အခမဲ့တပ်ဆင်ပေး
Nov 15,2022
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ပြည်သူများအား ယာဉ်အန္တရာယ်နှင့် လမ်းအန္တရာယ် သိရှိလိုက်နာစေရန်အတွက် အသိပညာပေးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက မြောက်ဥက္ကလာပမြို့နယ် အဝိုင်းမှတ်တိုင်နှင့် မေဓာဝီလမ်းတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။