သတင်းများ

လင်းခေးမြို့ အထကကျောင်းနှင့် အလကခွဲကျောင်းများသို့ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Nov 15,2022
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်(အကြို)ဟောပြောပွဲနှင့် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က လင်းခေးမြို့၊ အခြေခံပညာအထက်တန်းကျောင်းသို့လည်းကောင်း၊ နေ့လည် ၁၃ နာရီအချိန်တွင် အလကခွဲ(တောင်ရွာ)ကျောင်းသို့လည်းကောင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မန်တုံမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ပန်းချီပြိုင်ပွဲ ကျင်းပ
Nov 15,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်တွင် ၁၃၈၄ခု၊ တန်ဆောင်မုန်း လပြည့်ကျော်(၁၀)ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အထက်တန်းအဆင့် ပန်းချီပြိုင်ပွဲကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ယနေ့နံနက်ပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။
မိုင်းယုမြို့၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများက စာဖတ်ဝိုင်း ပြုလုပ်
Nov 15,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အသင်းဝင်တို့က စာရေးဆရာ နတ်သျှင်(ရွှေဂူ)၏ “လူငယ်များ၏ ရွှေရောင်မနက်ဖြန်” စာအုပ်ဖြင့် ယနေ့နံနံက်ပိုင်းက စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Nov 15,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပင်လောင်းမြို့တွင် မြေဩဇာ၊ မျိုးစေ့နှင့် ပိုးသတ်ဆေးဥပဒေရှင်းလင်းပွဲ ပြုလုပ်
Nov 15,2022
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် မြေဩဇာ၊ မျိုးစေ့နှင့်ပိုးသတ်ဆေး ဥပဒေရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
မာန်အောင်မြို့၌ (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
Nov 15,2022
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့၌ ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့တွင်ကျရောက်မည့် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးဝန်ထမ်းများက အခြေခံပညာကျောင်းများနှင့် လူစည်ကားရာနေရာများသို့သွားရောက်ပြီး အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကြက်ခြေနီအကြောင်း သိကောင်းစရာ ဟောပြောပွဲနှင့် ရှေးဦးပြုစုခြင်းလုပ်ငန်း အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်
Nov 15,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကြက်ခြေနီအကြောင်း သိကောင်းစရာ ဟောပြောပွဲနှင့် ရှေးဦးပြုစုခြင်းလုပ်ငန်း အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် (၀၉:၀၀)နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တောင်ငူမြို့၌ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် (Talk Show) ကျင်းပ
Nov 15,2022
၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၇ရက်နေ့တွင် ကျရောက်မည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ယနေ့နံနက်ပိုင်း က တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကာ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် " အမျိုးသားအောင်ပွဲနေ့" အထိမ်းအမှတ် (Talk Show) ကျင်းပသည်။