မင်းလှ နိုဝင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းကို အ.မ.က ဇရစ်ချောင်းကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့သည်။
အသိပညာပေးဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာအောင် က ကလေးငယ်များကို အတန်းပညာသာမက ဗဟုသုတရရှိရန် စာအုပ်ကောင်းများကို လေ့လာဖတ်ရှု့စေလိုကြောင်း၊ စာဖတ်ခြင်းကြောင့် ရရှိနိုင်သောအကျိုးကျေးဇူးများကို ပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးစိန်ဝင်း က စားသုံးရန်မသင့်သည့် အစားအစာများကို အသိပညာပေးပြောကြားသည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဇင်မာဝင်း က ကျောင်းသား ကျောင်းသူလေးများကို ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်စေခြင်းနှင့် ပုံပြောခြင်းများဖြင့် အသိပညာပေးပြောကြားသည်။
စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းတွင် ကျောင်းသား ကျောင်းသူလေးများအား သုတ၊ ရသ၊ ရုပ်ပြ၊ မဂ္ဂဇင်း၊ စာစောင်များကို ဖတ်ရှု့စေခြင်းအပြင် သဘာဝဘေး၊ သက်ငယ်မုဒိမ်း၊ ကလေးအလုပ်သမား ပပျောက်ရေး၊ လူကုန်းကူးမူ စသည့်နံရံကပ်စာစောင်များ ပြသခြင်းတို့ ဆောင်ရွက်ခဲ့သည်။
မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပညာရေးဝန်ကြီးဌာနနှင့် စာသုံးသူရေးရာဦးစီးဌာနတို့ ပူပေါင်း၍ အခြေခံပညာကျောင်းများသို့ လစဉ်စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခြင်းကို စဉ်ဆက်မပြတ် ပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
ပေါက်စ(မင်းလှ)