မော်လမြိုင်မြို့၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

မော်လမြိုင် နိုဝင်ဘာ ၁၅

မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က မော်လမြိုင်မြို့ အမှတ် (၆) အခြေခံပညာ အထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်က အမျိုးသာနေ့ဆောင်ပုဒ်များ၊ ဦးတည်ချက်များ၊ အမျိုးသားနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် မျိုးချစ်စိတ်၊တိုင်း ပြည်ချစ်စိတ်များ ထာဝရရှင်သန်ထက်မြက်စေရေး အကြောင်းအရာများ အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အမျိုးသားရေး အားမာန်၊ လူငယ်တွေရဲ့ခေတ်၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး (၁၁) ဦး၊ မှန်ကန်သော မျိုးချစ်စိတ်ဓာတ်များ ရှိရန် အထူးလိုအပ်၊ ပညာရေးဖြင့်ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့၊ သူ့ကျွန်မခံအမျိုးသားမာန်၊ ၂၀၂၂ ခုနှစ်၊ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက် များ၊ ပညာရေးမျှော်မှန်းချက်၊ နိုင်ငံဘက်စုံဖွံ့ဖြိုးဖို့ တိုင်းရင်းသားစည်းလုံးညီညွှတ်စို့ စသည့်အချက်များ ပါဝင်သည့် သတင်းစကားလက်ကမ်း စာစောင်များကို ကျောင်းသား/ ကျောင်းသူများသို့ စောင်ရေ (၁၅၀) အခမဲ့ဖြန့်ဝေခဲ့ပြီး အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်အားပြသခဲ့ရာ ကျောင်းသား/ကျောင်းသူများ စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှုခဲ့‌ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)