ထန်းတပင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး ဆွေးနွေးပြောကြား

ထန်းတပင်  နိုဝင်ဘာ   ၁၅

ကျောင်းသား၊ ကျောင်းသူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကိုသိရှိကာ လိုက်နာဆောင်ရွက်နိုင်စေရန်အတွက် ယနေ့နံနက်ပိုင်း က ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ..က (ထန်းတပင်) အခြေခံပညာအထက်တန်းကျောင်းတွင် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်ကြည်ကြည်မြင့် က ..က(ထန်းတပင်)ကျောင်းတွင် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ကာ အမှတ်(၆၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ထန်းတပင်)မှ ရဲအုပ်မြင့်နိုင် က ယာဉ်အသုံးပြု၊ လမ်းအသုံးပြုသူများ လိုက်နာရမည့် စည်းကမ်းချက်များကို အသိပညာပေးဟောပြောခဲ့ပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ကျောင်းသားကျောင်းသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ()ဦးအေးဝင်း၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၁၂၀)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)