နမ့်စန်တွင် မက္ကဒေးမီးယား စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းဆိုင်ရာ TOT သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Nov 17,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် “မဲခေါင်-လန်ချန်းဒေသရှိ မက္ကဒေးမီးယားခြံငယ်ရှင်များ၏ စိုက်ပျိုးထုတ်လုပ်မှုနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း” အထောက်အပံ့ဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်သော အထူးရန်ပုံငွေ အစီအစဉ်ဖြင့် ဆောင်ရွက်သည့် မက္ကဒေးမီးယားစိုက်ပျိုးပြုစုထိန်းသိမ်းခြင်းဆိုင်ရာ TOT သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ နှစ်ရှည်သီးနှံဌာနခွဲ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။