ငါးသိုင်းချောင်း နိုဝင်ဘာ ၁၇
ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ (အ.ထ.က) (အ.လ.က) ခွဲ ကျောင်းများ၌ ရေကြည်မြို့နယ် ကြက်ခြေနီအသင်းခွဲက ဦးဆောင်ဖွင့်လှစ်သင်ကြားပေးခဲ့သော ရှေးဉီးပြုစုခြင်း အခြေခံသင်တန်း (၅/၂၀၂၂)၊ (၆/၂၀၂၂)၊ (၇/၂၀၂၂) သင်တန်းဆင်းပွဲနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက အ.ထ.က ငါးသိုင်းချောင်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ အခမ်းအနားကို မြန်မာနိုင်ငံကြက်ခြေနီအသင်း ဧရာဝတီတိုင်းတပ်ဖွဲ့မှူး ဦးဝင်းမြင့်၊ ရေကြည်မြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးလှရှိန်၊ ဒုဥက္ကဋ္ဌ ဦးသန်းထွန်း၊ ငါးသိုင်းချောင်း မြို့ကြက်ခြေနီအသင်းခွဲငယ်ဥက္ကဋ္ဌ ဦးမောင်မောင်အေးနှင့် ကော်မတီဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသားသင်တန်းသူများနှင့် ဆရာ ဆရာမများတက်ရောက်ခဲ့ကြပါသည်။
ရှေးဦးပြုစုခြင်းအခြေခံသင်တန်း (၅/၂၀၂၂) ကို အ.လ.က ခွဲ ဗိုလ်ချုပ်လမ်းကျောင်း၌ လည်းကောင်း၊ (၆၊ ၇/၂၀၂၂) သင်တန်းများကို အ.ထ.က ငါးသိုင်းချောင်းကျောင်း၌ လည်းကောင်း အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၉၄) ဦးကို သင်ကြားပေးခဲ့ခြင်း ဖြစ်ပြီး ယနေ့အခမ်းအနားတွင် သင်တန်းများ၌ ထူးချွန်ဆုရရှိသူများကို ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ (အ.ထ.က) (အ.လ.က) (အ.မ.က) ကျောင်း (၁၃) ကျောင်းအတွက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသုံးအဆောင်းပစ္စည်းများကို မြန်မာနိုင်ငံကြက်ခြေနီအသင်းက ထောက်ပံလှူဒါန်းပေးအပ်ခဲ့ပြီး သက်ဆိုင်ရာကျောင်း ဆရာ၊ ဆရာမများက လက်ခံရယူခဲ့ ကြောင်း သိရှိရပါသည်။
ငါးသိုင်းချောင်း (ပြန်/ဆက်)