သတင်းများ

ခိုလမ်မြို့၊ အ.ထ.ကကျောင်းတွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းဆောင်ရွက်
Nov 17,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ခိုလမ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာအထက်တန်းကျောင်းတွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ လက်ကမ်းစာ‌‌စောင် ဖြန့်‌ဝေခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက် (၉) နာရီခွဲခန့်က ကျင်းပပြုလုပ်ခဲ့ပါသည်။
ကျောက်ဖြူမြို့၊ ကျောက်တစ်လုံး IDPs စခန်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၌ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ် စာစောင်ပြပွဲပြုလုပ်
Nov 17,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းပြီး  ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့တွင် ကျရောက်မည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်(အကြို) အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ မွန်းလွဲပိုင်းက ကျောက်တစ်လုံး IDPs စခန်းရှိ အခြေခံ ပညာမူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်သည်။
ကဝမြို့နယ်တွင် လူသုံးကုန်၊ စားသောက်ကုန်နှင့် ဆေးမျိုးစုံရောင်းချနေသော ဆိုင်ခန်းများအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှု ရှိ/မရှိ လိုက်လံစစ်ဆေး
Nov 17,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနက ယနေ့နံနက်ပိုင်းတွင် ကဝမြို့ ပဲခူးလမ်းမကြီးပေါ်ရှိ လူသုံးကုန်နှင့် စားသောက်ကုန်မျိုးစုံ ရောင်းချနေသော ဆိုင်များသို့ ကွင်းဆင်း၍ လက်ရှိရောင်းချနေသော ဆပ်ပြာခဲများ၊ စားသုံးဆီများနှင့် လူသုံးကုန်ပစ္စည်းများအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး အသိပညာပေးပြောကြားကာ လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြောင်းသိရသည်။
မကွေးမြို့တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်ပြပွဲပြုလုပ်
Nov 17,2022
၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်နေ့၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့တွင် ကျ‌ရောက်မည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်ပြပွဲကို ယမန်နေ့မွန်းလွဲ (၃) နာရီအချိန်က မကွေးမြို့၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ကန်သာကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
(၁၀၂) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာအုပ် စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Nov 17,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ကျောင်းသား/သူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် အမျိုးသားအောင်ပွဲနေ့ကို မြတ်နိုးတန်ဖိုးထားတတ်စေရန် ရည်ရွယ်၍   (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို  ယနေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ အမှတ်-၉၇ အခြေခံပညာ အထက်တန်းကျောင်းခွဲ၌ ကျင်းပပြုလုပ်ခဲ့သည်။
တိုက်ကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (တိုက်ကြီး) ၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Nov 17,2022
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (တိုက်ကြီး) ရှိ အနော်ရထာခန်းမ၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွတ်ခိုင်မြို့နယ်တွင် (၁၀၂) မြောက်အမျိုးသားအောင်ပွဲနေ့အကြို အသိပ‌ညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ်
Nov 17,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယမန်နေ့လယ် (၁) နာရီက (၁၀၂) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ်အကြို အသိပညာပေး (Talk Show) ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟုမ္မလင်း၌ နာဂဒေသများသို့ သွားရောက်တာဝန်ထမ်းဆောင်မည့် ဆေးမှူး/ဗိုလ်ကြီးများအား ကြိုဆို
Nov 17,2022
စစ်ကိုင်းဒေသကြီး၊ နာဂဒေသများသို့ သွားရောက်တာဝန်ထမ်းမည့် ဆေးမှူး/ဗိုလ်ကြီးများအား ဟုမ္မလင်းစခန်းဌာနချုပ် လေဆိပ်၌ နိုဝင်ဘာ (၁၆)ရက်နေ့၊ မွန်းလွဲ (၁)နာရီတွင် ကြိုဆိုခဲ့ကြကြောင်း သိရသည်။