ပင်လောင်း နိုဝင်ဘာ ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင်(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ခန်းမတွင် ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်ကပြုလုပ်ခဲ့ရာ ပင်လောင်းမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့်ကျောင်းများမှ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများနှင့် ဆရာ/ ဆရာမများ၊အထက(၂) မှအထက်တန်းအဆင့်ကျောင်းသား၊ကျောင်းသူများတက်ရောက်ကြကြောင်းသိရသည်။
ဟောပြောပွဲတွင်ပင်လောင်းမြို့နယ် ပညာရေးမှူး ဦးတင်ငွေကအမှာစကားပြောကြားပြီး (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ပြပွဲ၊ပြိုင်ပွဲများတွင် ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း၊ စာရေးဆရာ ခန့်ကျော်ထင်လှိုင်-ဒုတိယညွှန်ကြားရေးမှူး(ငြိမ်း) က အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊အမျိုးသားရေးတာဝန်များအကြောင်း အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)