ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို အခြေခံပညာ အထက်တန်းကျောင်း (သာပေါင်း) ၌ ကျင်ပ

သာပေါင်း နိုဝင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း (သာပေါင်း) ၌ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က သော်ကဆောင်ခန်းမတွင် ကျင်းပခဲ့သည်။ ကလေး အလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲတွင် သာပေါင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်မြင့်မှ မြန်မာနိုင်ငံအလုပ်သမား ပပျောက်ရေး ဆိုင်ရာ အမျိုးသားကော်မတီတွင် လူမှု/ကယ်ဆယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီတွင် လူမှု/ကယ်ဆယ် ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးကဥက္ကဋ္ဌဖြစ်ပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချူပ်က အတွင်းရေးမှူး ဖြစ်ပါသည်။

၂၀၁၉ ခုနှစ်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ()()အရ အဆိုးရွားဆုံး ပုံစံဖြင့် ခိုင်းစေခြင်းဆိုင်ရာတွင် အောက်ပါ ပြုလုပ်မှုတစ်ခုခုပါဝင်သည်-(က)ကလေးသူငယ်ကို ရောင်းချခြင်း၊ ကျွန်ပြုခြင်း၊ ကျေးကျွန်ကဲ့သို့ ခိုင်းစေခြင်း၊ ကျေးပိုင်ကျွန်ပိုင် ပြုလုပ်ခြင်း၊ လူကုန်ကူးမှုကျူးလွန်ခြင်း၊ ကြွေးမြီဖြင့် နှောင်ဖွဲ့ခိုင်းစေခြင်း၊ လက်နက်ကိုင်ပဋိပက္ခတွင် အသုံးချရန် အဓမ္မ (သို့မဟုတ်) မလုပ်မနေရ စုဆောင်းခြင်း အပါအဝင် အဓမ္မ အလုပ်ခိုင်း စေခြင်း (သို့အဟုတ်) မလုပ်မနေရ အလုပ်ခိုင်းစေခြင်း-() ပြည့်တန်ဆာ ပြုလုပ်ခိုင်း စေခြင်းအတွက်ဖြစ်စေ၊ ကလေးသူငယ် ညစ်ညမ်းပုံပြုလုပ်ဖြန့်ဖြူးခြင်း ပြုရေးအတွက်ဖြစ်စေ၊ ညစ်ညမ်းပုံပြသ သရုပ်ဆောင်ရေးအတွက်ဖြစ်စေ၊ ကလေးသူငယ်ကို သွေးဆောင်ဖြား ယောင်းခြင်း၊ ဝယ်ယူခြင်း၊ အသုံးပြုခြင်း (သို့မဟုတ်) ကမ်းလှမ်းခြင်း-() မူးယစ်ဆေးဝါး ထုတ်လုပ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေးအပါအဝင် မူးယစ်ဆေးဝါး တရားမဝင်လုပ်ကိုင် ဆောင်ရွက်မှုများအတွက် ကလေးသူငယ်များကို သွေးဆောင်ဖြားယောင်းခြင်း၊ ဝယ်ယူခြင်း၊ အသုံးပြုခြင်း (သို့မဟုတ်) ကမ်းလှမ်းခြင်း -() လုပ်ကိုင်သော အလုပ်သဘာဝနှင့် အခြေအနေများအရ ကလေးသူငယ်၏ ကျန်းမာရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး (သို့မဟုတ်) အကျင့်စာရိတ္တကို ထိခိုက်ပျက်ပြားစေသော အလုပ်ခိုင်းစေခြင်းတို့ဖြစ်ကြောင်း တကျယ်တဝင့် ဟောပြောပြီး ဒုတိယမြို့နယ်ပညာရေးမှူးဦးစိုးနိုင်က ကျောင်းပြင်ပ ပညာရေးနှင့် ပတ်သက်သည်များ၊ အခြေခံပညာ အထက်တန်းကျောင်း (သာပေါင်း) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးနိုင်ဦးမှ ကျောင်းသား၊ ကျောင်းသူလေးများ ယဉ်ကျေးလိမ္မာစွာဖြင့် ပြောဆို၊ နေထိုင် လိုက်နာကျင့်ကြံနိုင်ရေး အသိပညာပေးဟောပြောခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း (ပြန်/ဆက်)