တီးတိန် နိုဝင်ဘာ ၁၇
ချင်းပြည်နယ်တီးတိန်မြို့၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို တီးတိန် အထက- ၁ စံကိုက်ညီခန်းမတွင် ယနေ့၉နာရီခွဲက ပြုလုပ်သည်။
အခန်းအနားတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ထံမှ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်းက ဖိတ်ကြားသည်။
ဆက်လက်၍ အထက-၁ ကျောင်းသူကျောင်းသားများက ‘ဇာတိမာန်’သီချင်းကို အဖွင့်သီချင်းအဖြစ် သီဆိုကြသည်။
ထို့နောက် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာပေပြိုင်ပွဲများဖြစ်သော အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် စာစီစာကုံး၊ ကဗျာရွတ်ဆိုပြိင်ပွဲ၊ ကျပန်းစကားပြောနှင့် အားကစားပြိုင်ပွဲဖြစ်သော စားပွဲတင်တင်းနစ် (ကျား၊မ) ၊ တင်းနစ် (ကျား၊မ)၊ ပိုက်ကျော်ခြင်း၊ ဖူဆယ် (ကျား၊မ) ပြိုင်ပွဲများတွင် ဆုရရှိသူများအား၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးဖြိုးဝင်းသန်း၊ ခလရ (၂၆၉)ယာ ယီတပ်ရင်းမှူးဗိုလ်မှူး တင်အောင်ဟိန်းနှင့် တာဝန်ရှိသူတို့က ဆုများအသီးသီးပေးအပ် ခဲ့ကြသည်။
ဆက်လက်၍ ကျောင်းသား၊ ကျာင်းသူများက “ပြည်မြန်မာ” သီချင်းကို အပိတ်သီချင်းအဖြစ် သီဆိုကြကြောင်း သိရသည်။
မိုးမိုး (ဦး/ရှိ)