မိုးညိုမြို့နယ်တွင်(၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းနားပြုလုပ်

မိုးညို            နိုဝင်ဘာ       ၁၇

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ အထက(မိုးညို) ကျောင်းသရဖူခန်းမ တွင် ယနေ့နံနက်( ၇)နာရီက ၂၀၂၂ခု နှစ်(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

အခမ်းနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိဒ္ဓိက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေးပို့သည့်(၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာကို ဖတ်ကြားခဲ့သည်။

 

ဆက်လက်၍ မြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်း၊ အလယ်တန်းဆင့် ဆုရရှိသူများကို ဆုများချီးမြှင့်ခဲ့ရာ အထက်တန်းဆင့်တွင် ပထမဆုရရှိသည့် မချောဆုသင်း၊ ဒုတိယဆုရ  မသံယောဇဉ်၊ တတိယဆုရ မဆောင်းဟေကိုကိုတို့အား မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိက ကဆုများချီးမြှင့်ပေးအပ်ပြီး အလယ်တန်းဆင့်ပြိုင်ပွဲတွင် ပထမဆုရ မမီကိုသူဇင်၊ ဒုတိယဆုရ မရွှန်းလဲ့ပိုင်၊ တတိယဆုရ မောင်သော်ဇင်လင်းတို့အား မြို့နယ်ရဲမှူး ဦးကိုကိုကြီးကဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲကြောင်းသိရသည်။

 

ကိုမင်း(ပြန်/ဆက်)