သတင်းများ

မရမ်းကုန်းမြို့နယ်၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာဖတ်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Nov 18,2022
ရန်ကုန်တိုင်း​​ဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အထက်ဗဟိုလမ်း၊ အမှတ် (၁) အ​ခြေခံပညာအထက်တန်း​​ကျောင်း စန္ဒိမာခန်းမ၌ ယမန်နေ့နံနက်ပိုင်းက (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာဖတ်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပခဲ့သည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးနှင့် သာယာဝတီခရိုင်အတွင်းရှိ လုပ်ငန်းရှင်များ တွေ့ဆုံပွဲပြုလုပ်
Nov 18,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယမန်နေ့လယ် ၃ နာရီခွဲချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးနှင့် သာယာဝတီ ခရိုင်အတွင်းရှိ လုပ်ငန်းရှင်များ တွေ့ဆုံပွဲကျင်းပပြုလုပ်ခဲ့သည်။
ဒဂုံမြို့နယ်၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ
Nov 18,2022
ရန်ကုန်တိုင်း‌ဒေသကြီး၊ ဒဂုံမြို့နယ်တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ် အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက် (၈) နာရီခွဲအချိန်က ဒဂုံမြို့နယ် ပြည်အ​ရှေ့ရပ်ကွက်အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း (မြို့မ​ကျောင်း) ဦးဘလွင်ခန်းမ၌ ကျင်းပခဲ့သည်။
 ​​ရေတာရှည်မြို့နယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကျင်းပ
Nov 18,2022
ပဲခူးတိုင်း​ဒေသကြီး၊ ​တောင်ငူခရိုင်၊ ​ရေတာရှည်မြို့နယ်တွင်  ၂၀၂၂ ခုနှစ်၊ ယမန်နေ့တွင် ကျရောက်သည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို နံနက် ၉:၃၀ နာရီအချိန်က ​ရေ​တာရှည်မြို့၊ အခြေခံပညာအထက်တန်းကျောင်း ​အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပုဇွန်တောင်မြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကျင်းပ
Nov 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အခမ်းအနားကို ယမန်နေ့နံနက် ၇နာရီက အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊  တေဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်တန်းမြို့နယ်၌ ( ၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကျင်းပ
Nov 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် (၁၀၂) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရွှေမှော်ဝန်းသာသနာ့ ဗိမာန်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မအူပင်မြို့နယ်၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပ
Nov 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်တွင် နယ်မြေစိုးမိုးရေးအတွက် စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံပွဲကို သုံးခွကျေးရွာအုပ်စု အဘယခေမိက‌ဘောက်ထော်ကျောင်းတိုက် ဓမ္မာရုံ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပ‌ဆောင်ရွက်ခဲ့သည်။
(၁၀၂)နှစ်မြောက် အမျိုးသား‌အောင်ပွဲ့နေ့ အထိမ်းအမှတ် အ-ထ-က(အင်္ဂပူ) ကျောင်းဆောင်သစ် ဖွင့်ပွဲပြုလုပ်
Nov 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း(အင်္ဂပူ)၌ ပြုလုပ်သည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လည်ပိုင်းက ပြုလုပ်ခဲ့သည်။