မရမ်းကုန်း နိုဝင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အထက်ဗဟိုလမ်း၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း စန္ဒိမာခန်းမ၌ ယမန်နေ့နံနက်ပိုင်းက (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာဖတ်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးတင်ဇော်ဇော်အောင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှပေးပို့သော (၁၀၂) နှစ်မြောက် အမျိုးသားနေ့အောင်ပွဲနေ့ သဝဏ်လွှာအားဖတ်ကြားခဲ့ပြီး (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများ၌ ဆုရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများမှဆုများ အသီးသီးချီးမြှင့်ပေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဇော်ဇော်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူး၊ ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုစုပေါင်း (၁၂၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အေးအေးအောင်(ပြန်/ဆက်)