သတင်းများ

မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေသဖွံ့ဖြိုးရေး ပြည်သူများနှင့် တွေ့ဆုံ
Nov 19,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် ယမန်နေ့က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် စံပြကျေးရွာ၌ ပြည်သူများနှင့် တွေ့ဆုံပွဲပြုလုပ်ကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ်၊ အထက(ကျောက်ချက်) ကျောင်းအဆင့်တိုးမြှင့်ခြင်းဖွင့်ပွဲအခမ်းအနား ကျင်းပ
Nov 19,2022
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ ကျောက်ချက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း အဆင့်တိုးမြှင့်ခြင်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က  ကျောက်ချက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
မင်းလှမြို့မဈေးအတွင်း မီးဘေး ကြိုတင်ကာကွယ်ရေးကြည့်ရှုစစ်ဆေး
Nov 19,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့သူမြို့သားများ မီးဘေးအန္တရယ်ကင်းဝေးစွာ ဈေးဝယ်ရောင်းချခြင်းများပြု လုပ်နိုင်ရေးအတွက် မြို့မဈေးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာ ကွယ်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့က ဈေးမီးဘေးလုံခြုံရေးစစ်ဆေးရေးအဖွဲ့မှ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မိုင်းယန်းမြို့တွင်  တန်ဖိုးသင့်အခြေခံစားသောက်ကုန်များ ရောင်းချပေး
Nov 19,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့ရှိ နယ်မြေခံတပ်မတော်တပ်ရင်း၊ တပ်ဖွဲ့များက နိုင်ငံ့ဝန်ထမ်းများနှင့် ရပ်ကွက်နေဒေသခံပြည်သူများအား  တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန်အတွက်  ယနေ့နံနက် ၇ နာရီခွဲခန့်က ဈေးတန်းရပ်ကွက် မြို့မပန်းခြံတွင် တန်ဖိုးသင့် အခြေခံစားသောက်ကုန်များအား ရောင်းချပေးခဲ့ကြောင်း သိရသည်။
ကော့ကရိတ်မြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်
Nov 19,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ ပြည်သူများအနေဖြင့် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍  ယမန်နေ့နံနက် ၁၁ နာရီက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ  အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို  ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။
ဓနုဖြူမြို့နယ်တွင် ထယ်ရေးမလိုသော မျိုးစေ့ချကိရိယာနှင့် ရိုးဖြတ်ခုတ်ကိရိယာဖြင့် အသုံးပြုစိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပ
Nov 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ကျုံတနီးကျေးရွာ၊ ကျုံတနီးကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၁၉)၊တောင်သူ ဦးအောင်ဌေး၏ လယ်မြေ၌ စက်မှုလယ်ယာဦးစီးဌာနမှ ထယ်ရေးမလိုသော မျိုးစေ့ချကိရိယာနှင့် ရိုးဖြတ်ခုတ် ကိရိယာဖြင့် အသုံးပြုစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
တာမွေမြို့နယ်တွင် (၃၃)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အကြို လှုပ်ရှားမှုများဆောင်ရွက်
Nov 19,2022
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ နားမကြားသောကလေးများ ကျောင်း(ရန်ကုန်)တွင် ယမန်နေ့နံနက်ပိုင်းအချိန်က လူမှုဝန်ထမ်းဦးစီးဌာန၏ စီစဉ်မှုဖြင့် (၃၃)နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ် (UNCRC Day) နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အကြို လှုပ်ရှားမှုများအဖြစ် အားကစားပြိုင်ပွဲများကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါနားမကြားသော ကလေးများကျောင်း(ရန်ကုန်)မှ ကျောင်းသား/သူလေးများ အားပါးတရ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ကျိုင်းတုံမြို့ နောင်ခမ်းကန် သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Nov 19,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ်(၃)ရပ်ကွက်၊ လေယာဉ်ကွင်းလမ်းဘေးရှိ၊ နောင်ခမ်းကန် သာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးကို ယမန်နေ့  မွန်းလွဲ ၁ နာရီက ဆောင်ရွက်ခဲ့ကြသည်။