​​ရေတာရှည်မြို့နယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကျင်းပ

​ရေတာရှည် နိုဝင်ဘာ ၁

ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ရေတာရှည်မြို့နယ်တွင်  ၂၀၂၂ ခုနှစ်၊ ယမန်နေ့တွင် ကျရောက်သည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို နံနက် ၉:၃၀ နာရီအချိန်က ​ရေတာရှည်မြို့၊ အခြေခံပညာအထက်တန်းကျောင်းအောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်း က ၂၀၂၂ ခုနှစ်၊ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့် သဝဏ်လွှာကို ရှင်းလင်း ဖတ်ကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူးဒေါ်ခင်သက်ဦးက အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်သည့် သိကောင်းစရာများကိုဟောပြောဆွေးနွေးခဲ့ပြီး မူလတန်းအဆင့် ဖူဆယ်​ဘောလုံးပြိုင်ပွဲတွင် ဆုရရှိသူများကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြ​​ကြောင်း သိရသည်။

​ရေတာရှည်(ပြန်/ဆက်)