သတင်းများ

မင်းတပ်မြို့၌ တတိယအကြိမ် အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချပေး
Nov 26,2022
ချင်းပြည်နယ်၊ မင်းတပ်မြို့၌  ဒေသခံပြည်သူများ နေ့စဉ်လူမှုဘဝ စားသောက်ရေးတွင်  တစိတ်တဒေသ အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ချင်းပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် စစ်နယ်မြေမှူး ဗိုလ်မှူးကြီး အောင်မြတ်ထွန်းနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့်  အခြေခံစားသောက်ကုန်များကို လက်ရှိပေါက်ဈေး၏ ၂၀/% လျှော့၍ ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရန်  ယနေ့နံနက် ၈ နာရီခွဲ အချိန်က  စံပြ ရပ်ကွက်ရှိ မြို့မဈေးရှေ့တွင် ရောင်းချပေးခဲ့သည်။
မြဝတီမြို့၌ မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲကျင်းပ
Nov 26,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ အင်္ဂလိပ်စာစွမ်းရည် ပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀နာရီက ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ခန်းမဆောင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
“တူယှဉ်နွဲပျော်ဂီတပွဲတော်” သီချင်းဆိုပြိုင်ပွဲ Season-2 ဒုတိယအဆင့် ( Level – 2) ဖွဲ့စဉ်(၁၃)ကို မြန်မာ့ရုပ်မြင်သံကြား၌ ကျင်းပ 
Nov 26,2022
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “တူယှဉ်နွှဲပျော်ဂီတပွဲတော်” Season-2 သီချင်းဆိုပြိုင်ပွဲကိုရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် စက်တင်ဘာ ၂ ရက်မှစတင်ပြီး ပွဲစဉ် ၁၈ ပွဲဖြင့် အပတ်စဉ်သောကြာနေ့ ညတိုင်းကျင်းပလျက်ရှိရာ ဒီဇင်ဘာ ၃၀ ရက်အထိ ဆက်လက်ကျင်းပမည် ဖြစ်သည်။
သံတွဲမြို့၌ အလုပ်သမားဥပဒေ အသိပညာပေး‌ ဟောပြောပွဲကျင်းပ
Nov 26,2022
ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ အလုပ်ရုံနှင့်အလုပ်သမား ဥပဒေ စစ်ဆေးရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဖူလုံရေးရုံးတို့ပူးပေါင်း၍ အလုပ်ရုံ၊ အလုပ်သမားဆိုင်ရာ အသိပညာပေး‌ ဟောပြောပွဲကို ယမန်နေ့နေ့လယ် ၁၂ နာရီက ငပလီမြို့ Pristine Mermaid Resort ၌ ကျင်းပပြုလုပ်သည်။
နတ်မောက်မြို့နယ်၌ လူဦးရေစာရင်းများမှန်ကန်စေရေးမြေပြင်ရှိ အိမ်ထောင်စုစာရင်းများ တိုက်ဆိုင်စစ်ဆေးနိုင်ရေး ဌာနဆိုင်ရာများဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Nov 26,2022
နတ်မောက်မြို့နယ်၌ လူဦးရေစာရင်းများမှန်ကန်စေရေးမြေပြင်ရှိ အိမ်ထောင်စုစာရင်းများ တိုက်ဆိုင်စစ်ဆေးနိုင်ရေး ဌာနဆိုင်ရာများဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
မင်းလှမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ဒေသခံပြည်သူများနှင့်တွေ့ဆုံဆွေးနွေး
Nov 26,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် နယ်မြေလုံခြုံရေး၊တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့မှ နိုဝင်ဘာ ၂၅ ရက်နေ့နံနက်ပိုင်းက  ကန်ကျောကျေးရွာနေ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ရှင်းလင်း ဆွေးနွေးခဲ့သည်။
MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံသို့ ထွက်ခွာ
Nov 26,2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၏ ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့်မြန်မာအလုပ်သမားများ စေလွှတ်ရေး လုပ်ငန်းစဉ်အရ ယမန်နေ့ မွန်းလွဲပိုင်းက ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် မြန်မာအလုပ်သမား (၉၉)ဦး ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ထွက်ခွာသွားကြောင်းသိရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဆင်းပွဲကျင်းပ
Nov 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ မီးဘေးအန္တရာယ်နှင့် အခြားသော သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများတွင် မီးသတ်ပစ္စည်းကိရိယာများနှင့် ရှာဖွေကယ်ဆယ်ရေး ပစ္စည်းကိရိယာများကို စနစ်တကျ ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်အသုံးပြုတတ်စေရန်၊ ပူးပေါင်းဆောင်ရွက် တတ်စေရန်နှင့် စွမ်းရည်ပြည့်ဝသည့် မီးသတ်တပ်ဖွဲ့ဝင်များ ဖြစ်လာစေရန် ရည်ရွယ်၍ အရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်းအမှတ်စဉ် (၁/၂၀၂၂)ဆင်းပွဲကို ယမန်နေ့မွန်းလွဲ  ၃ နာရီကမြို့နယ် မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။