သတင်းများ

စလင်းမြို့နယ်တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားနှင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကဗျာ၊ စာစီစာကုံးပြိုင်ပွဲ ဆုရရှိသူများအား ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်
Nov 18,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ မြင်တင်ရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမဆောင်တွင် ၂၀၂၂ ခုနှစ် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားနှင့် ကဗျာ၊ စာစီစာကုံးပြိုင်ပွဲ၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ဆုရရှိကြသည့် ကျောင်းသားလူငယ် မောင်မယ်များအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရွာငံမြို့နယ်တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကျင်းပ
Nov 18,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်၊ နံနက် ၁၀ နာရီက အထက(ရွာငံ) ပြဒါးလင်းခန်းမ၌ ကျင်းပခဲ့သည်။
မိုင်းယန်းမြို့၌ (၁၀၂)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲနှင့်   ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း အောင်မြင်သူ ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
Nov 18,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် (၁၀၂)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သံဝဏ်လွှာဖတ်ပွဲနှင့် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း အောင်မြင်သူ ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အာကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မင်းဘူးမြို့၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာဖတ်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Nov 18,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာဖတ်ပွဲနှင့် ဆုများပေးအပ် ချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက မင်းဘူးမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းရယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနား ကျင်းပ
Nov 18,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက နမ့်ရယ်ခန်းမ၌ ကျင်းပ သည်။
ကျိုင်းတောင်းမြို့ရှိ အခြေခံပညာမူလတန်းကျောင်း (ပါဆာ)၌ (၆၀x၃၀)ပေ Steel Structure (၁)ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်
Nov 18,2022
ကျိုင်းတောင်းမြို့ အမှတ်(၆)ရပ်ကွက် (ပါဆာ) အတွင်းရှိ ကျောင်းသား/သူများ အဆင်ပြေစွာ ပညာသင်ကြားနိုင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလာစေရန်အတွက် ကျိုင်းတောင်းမြို့ အခြေခံပညာမူလတန်းကျောင်း(ပါဆာ) မြေနေရာတွင် (၆၀x၃၀)ပေ၊ Steel Structure (၁)ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်လျက်ရှိကြောင်း တာဝန်ခံကျောင်းအုပ်ထံမှ သိရသည်။
ကန့်ဘလူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Nov 18,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံ ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
ပြင်ဦးလွင်မြို့နယ် ၊ ရပ်ကွက်ကြီး (၄) လိုတရဓမ္မာရုံတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကျင်းပ
Nov 18,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး (၄)လိုတရဓမ္မာရုံ တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကိုယနေ့ နံနက် (၉) နာရီက ကျင်းပခဲ့သည်။