ပုဇွန်တောင်မြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကျင်းပ

ပုဇွန်တောင် နိုဝင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အခမ်းအနားကို ယမန်နေ့နံနက် ၇နာရီက အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊  တေဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၁၀၂)နှစ်‌မြောက် အမျိုးသားအောင်ပွဲနေ့သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။ ဆက်လက်၍ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲဆုရရှိသူများကို ဆုချီးမြှင့်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် အတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ဟန်စုယဉ်