ကျောက်တန်း နိုဝင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် (၁၀၂) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရွှေမှော်ဝန်းသာသနာ့ ဗိမာန်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခန်းအနားသို့ ကျောက်တန်းမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဦးဘုန်းခန့်အောင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးတေဇာမြင့်၊အဖွဲ့ဝင်(၂)ဦးစိုးမြင့်ကျော်၊ အတွင်းရေးမှူး ရဲမှူးမင်းဇော်နှင့် ကျောက်တန်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ အကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျောင်းဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တတ်ရောက်ခဲ့ပြီး အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ပေးပို့သော ( ၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်မှ ဖတ်ကြားပြီး (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်စကားပြောစွမ်းရည်ပြိုင်ပွဲကျင်းပခဲ့ပြီနောက် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲဆုရ ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး ထူးချွန် ကျောင်းသား ကျောင်းသူများက တေးသီးချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်းသိရသည်။
ထိုနောက်ပြပွဲ ပြခန်းများကို အကောင်းဆုံး ပြင်ဆင်ပြသနိုင်သည့် ပြခန်းများအား ဂုဏ်ပြု မှတ်တမ်းလွှာများနှင့် ဆုငွေများအား အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)