ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးနှင့် သာယာဝတီခရိုင်အတွင်းရှိ လုပ်ငန်းရှင်များ တွေ့ဆုံပွဲပြုလုပ်

မင်းလှ နိုဝင်ဘာ ၁၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယမန်နေ့လယ် ၃ နာရီခွဲချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးနှင့် သာယာဝတီ ခရိုင်အတွင်းရှိ လုပ်ငန်းရှင်များ တွေ့ဆုံပွဲကျင်းပပြုလုပ်ခဲ့သည်။

တွေဆုံပွဲတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးတင်ဦးက ကိုဗစ်-၁၉ ရောဂါကြောင့် စီးပွားရေးလုပ်ငန်းရှင်များ ရပ်ဆိုင်ခဲ့ရခြင်းအတွက်၊ စီးပွားရေးလုပ်ငန်းများ ပြန်လည် ဦးမော့လာစေရန် ကိုဗစ်ရန်ပုံငွေမှ အတိုးနှုန်းသက်သာစွာဖြင့် ချေးငွေများ ထုတ်ချေးပေးခဲ့ကြောင်း ယခုချိန်တွင် လုပ်ငန်းရှင်များက ချေးငွေများကို ပြန်လည်ပေးဆပ်ကြရန် လမ်းညွှန်ဆွေးနွေးပြောကြားခဲ့သည်။

တွေဆုံပွဲကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှူးများ၊ သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ အုတ်ဖို၊ ကြို့ပင်ကောက်မြို့များမှ လုပ်ငန်းရှင်များ တတ်ရောက်ခဲ့ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)