မိုင်းငေါ့ နိုဝင်ဘာ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့၊ လူထုအခြေပြုဗဟိုဌာန Community Centre ရုံးခန်းတွင် ယနေ့နံနက်(၁၀)နာရီ အချိန်ခန့်က ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) ရေးသားသော “သောကကင်းစင်ပျော်ရွှင်ချမ်းသာ”စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က စာဖတ်ဝိုင်းပြုလုပ်ရခြင်းကြောင့် လူငယ်လူရွယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ စာပေအကြောင်းအရာများကို နှီးနှောဖလှယ်နိုင်စေရန် ၊စာပေဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟုသုတများ တိုးပွားလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းကို ပြုလုပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် Youth Club အသင်းမှ မခိုင်ဇင်ထက်က ဘဝင်မြင့်နေသူများ၊ မစန္ဒာဦးက မုဒိတာ မပွားတတ်သူများ၊ နန်းလောင်လောင်က လောဘနှင့်ဘဝင် ပေါင်းစပ်နေသူများ၊ မမွှေးစိန်က မိမိကိုယ်ကို အားမကိုးတတ်သူများ စသည့် ခေါင်းစဉ်အသီးသီးတို့ကို ဖတ်ကြားခဲ့ကြပြီး စာအုပ်ပါ အကြောင်းအရာများကို ပြန်လည်ဆွေးနွေးခဲ့ကြကြောင်းနှင့် စာဖတ်ဝိုင်းကို တစ်လလျှင်(၁)ကြိမ် ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်သွယ် (မိုင်းငေါ့၊ ပြန်/ဆက်)