ရွှေတောင် နိုဝင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ်အတွင်း အခြေခံမဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မြေပြင်လူဦးရေ စာရင်းတိုက်ဆိုင်စစ်ဆေးခြင်း ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်အတွင်း မြေပြင်လူဦးရေစာရင်းအား သက်ဆိုင်ရာဌာနများနှင့် တိုက်ဆိုင်စိစစ်၍ပယ်ဖျက်၊ ပြင်ဆင်၊ ဖြည့်စွက်ခြင်း လုပ်ငန်းများနှင့်ပတ်သက်၍ မြေပြင်တွင် ကောက်ယူ ထားသည့် လူဦးရေစာရင်းများ၊ ဆောင်ရွက်ထားရှိမှုများနှင့် ဌာနဆိုင်ရာများကို ရပ်ကွက်/ကျေးရွာ အုပ်စုအလိုက် တာဝန်ပေးအပ်ထားကြောင်းနှင့် အချိန်မီပြီးစီးနိုင်ရေး ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့်ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ် လဝကဦးစီးမှူး ဦးသန်းထူးမှ မြေပြင်လူဦးရေ စာရင်းတိုက်ဆိုင် စစ်ဆေးခြင်းနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ ၆၆/၆ များ မပါဝင်သူများ၊ မပြုလုပ်ရသေးသူများ ပြုလုပ်ဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်ဆင့်ကို ထပ်ဆင့်ဖြည့်စွက်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကျေးစာရေးများ ကသိရှိလိုသည်များကို တင်ပြဆွေးနွေးခဲ့ကြရာ တာဝန်ရှိသူများက ထပ်မံရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်