ကျိုင်းတုံမြို့ မူလတန်းကြိုကျောင်း၌ ကမ္ဘာ့ကလေးများနေ့ အခမ်းအနား ကျင်းပ

ကျိုင်းတုံ နိုဝင်ဘာ ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ မူလတန်းကြိုကျောင်း၌ (၃၃)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့ အခမ်းအနားကို ယမန်နေ့က ကျင်းပသည်။

အခမ်းအနားတွင် ကျိုင်းတုံခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့် က လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ကလေးသူငယ်အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ပြုစုပျိုးထောင်ရေးလုပ်းငန်း ဆောင်ရွက်နေမှုအခြေအနေများနှင့် လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက် ပေးစေလိုကြောင်း  အမှာစကား ပြောကြားပြီး အဆိုပါကျောင်းမှ မူလတန်းကြို ကျောင်းသား၊ ကျောင်းသူ ကလေးငယ်လေးများက တေးသရုပ်ဖော် အကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ထို့နောက် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအား အာဟာရပြည့် အစားအစာများ ကျွေးမွေးခဲ့ကြကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)