နတ်တလင်းမြို့နယ်၌ အလယ်တန်းအဆင့် အင်္ဂလိပ်စာစွမ်းရည်နှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကျင်းပ

နတ်တလင်း နိုဝင်ဘာ ၂၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့်ကျောင်းသားကျောင်းသူများအား အင်္ဂလိပ်စာစွမ်းရည်နှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က(နတ်တလင်း)ကျောင်းနှင့် အ.ထ.က(မြို့မ)ကျောင်းတို့တွင် ကျင်းပခဲ့သည်။

အဆိုပါစွမ်းရည်ပြိုင်ပွဲကို မြို့နယ်ပညာရေးမှူးဆရာမကြီးဒေါ်အေးအေးသောင်း၏ စီစဉ်ကြီးကြပ်မှုဖြင့် အ.ထ.က(နတ်တလင်း)ကျောင်းတွင် သင်္ချာစွမ်းရည်ပြိုင်ပွဲကျင်းပပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့်ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ(၁၅၄)ဦး၊ အ.ထ.က(မြို့မ)ကျောင်းတွင် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကျင်းပရာ ကျောင်းသား၊ ကျောင်းသူ(၁၂၈)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲကြီးကြပ်ဆရာ၊ဆရာမများမှ စာတွေ့၊ လူတွေ့ စစ်ဆေးပေးသွားမည်ဖြစ်ကြောင်းသိရသည်။ 

ဝေယံဖြိုး(ပြန်/ဆက်)