တံတားဦး နိုဝင်ဘာ ၂၁
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ဆောင်းရာသီ၌ စိုက်ပျိုးသော ကုလားပဲများ အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်းသိရသည်။
ဆောင်းကုလားပဲများကို တန်ဆောင်မုန်းလဆန်းတွင် V-2 မျိုးကိုများသောအားဖြင့် စိုက်ပျိုးကြပြီး၊ ကုလားပဲမျိုး တစ်ဧကလျှင် (၁)တင်းနှုန်းဖြင့် စိုစိုက်ပျိုးရာ ကုလားပဲစိုက်ပြီး (၁၀)ရက်လျှင် ပေါင်းသင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ကြပြီး အပင်မှအပွင့် ပွင့်ချိန်တွင်(၁၅)ရက်တွင် ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ကြကြောင်း၊ ကုလားပဲများကို တပိုတွဲလ၌ ရိတ်သိမ်းကြကြောင်း၊ကုလားပဲတစ်တင်း စိုက်ပျိုးလျှင် အစေ့ (၁၅)တောင်းမှ(၁၈)တောင်းအထိ ထွက်ရှိကြောင်း၊ ကုလားပဲအမှုန်များကိုလည်း နွားစာအဖြစ်ရရှိကြောင်း၊ ကုလားပဲသည် စိုက်ပျိုးချိန်မှ ရိတ်သိမ်းအချိန်ထိ စိုက်ပျိုးစရိတ်(၁၅၀၀၀၀) ကျပ်ကုန်ကျကြောင်း၊ ရောင်းချသည့်အချိန်တွင် ငွေကျပ်(၁၇၀၀၀၀၀)သိန်းအထိရရှိသည့် အတွက် ကုလားပဲကို အများဆုံးစိုက်ပျိုးကြောင်း ပန်းယျကျေးရွာ ကုလားပဲစိုက် တောင်သူ ဦးကျော်ဆွေလင်းထံမှ သိရသည်။
ဦးရဲတင့်( ပြန်/ဆက်)